တက္ကသိုလ်တိုင်းမှာ ဟိုးဟိုးကျော် ဂျီဟောသူနော် ရှောင်ကြ ရှားကြ
နှမကညာတို့ကို အပြစ်ဆိုရင် ကိုယ့်ကိုကိုယ်ပင် ပြန်ကြည့်ပါဦး
ပုကွ ပိန်ချောက် မည်းပြာပြာ ပုံမလာတာ ရှင်တို့ ရှင်တို့
ဂျီဟောသူကိုမလိုချင် ဗီယက်နမ်ပင် သွားလိုက်ချင်သေး
စားချင်လှတဲ့ စပျစ်ချို လှမ်းမမှီသကို ချဉ်ကြတာပေါ့
ကုတ်ချောင်းချောင်းနဲ့ ပိန်ဂုတ်မောင် မတန်ပေါင်နော် ဥဒုဗ္ဗရနဲ့
တံခါးပိတ်လို့ ဖျာလိပ်ကာ နတ်မေးတာဟာ သူတို့အကျင့်
တိုးတိုးတိတ်တိတ် ကျိတ်လို့သာ ဂဏန်းတွက်တာ သူတို့အကျင့်
………
အထက်ပါ သံချပ် တစ်ပိုင်းတစ်စကလေးကိုကြည့်ခြင်းအားဖြင့် G-Hall သူတွေရဲ့အကြောင်း တစေ့တစောင်း ခန့်မှန်းနိုင်ပါတယ်။ သူတို့တွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေ၊ မဟုတ်မခံစိတ်ကလေးတွေနဲ့ ကျော်ကြားလှတဲ့အလှဂုဏ်လေးများကိုပေါ့။
Thursday, September 11, 2008
Subscribe to:
Posts (Atom)